အစောဆုံးဒီဇင်ဘာ နေက်ဆုံးပတ် နောက်အကျဆုံး ဇန်နဝါရီဒုတိယပတ်တွင် ရွေးကောက်ပွဲများကျင်းပမည်
၉ မတ် ၂၀၂၅
၂၀၂၅ဒီဇင်ဘာနောက်ဆုံးပတ် အစောဆုံးနှင့် ၂၀၂၆ ဇန်နဝါရီ ဒုတိယပတ် နောက်ဆုံးထားပြီး မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပပေးမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
နိူင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနှင့်ဘီလာရုစ်နိုင်ငံများမှ ချစ်ကြည်ရေးခရီး ပြန်ရောက် လာစဉ် နေပြည်တော်လေဆိပ်၌ သတင်းထောက်များကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာ့ရွေးကောက်ပွဲကို ရုရှားနှင့်ဘီလာရုစ်တို့က ထဲထဲဝင်ဝင်ထောက်ခံမည့်အကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်း ထွန်းကဆက်လက်ပြောကြားခဲ့ပါတယ်။
#ymg/knl