#Local_News
Published 10 March 2025
▪️ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၏ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးဆောင်၍ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး (OSH) သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ SAFETY SUPERVISOR COURSE သင်တန်းကိုလ မတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ မနက် ( ၉ ) နာရီမှ ညနေ ( ၅ ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ Safety Course စိတ်ဝင်စားသူများ၊Site Engineer များ၊ Safety officer များ၊ Supervisor များတက်ရောက်နိုင်ကြောင်း သိရသည်။
▪️ ထိုသင်တန်းတွင် သင်တန်းသားဦးရေ (၂၀) ဦးသာလက်ခံသင်ကြားသွားမည်ဖြစ်ပြီး၊ သင်တန်းပြီးမြောက် လျှင် MCEF မှ Certificate ပေးအပ်သွားမည်ဖြစ်ကြောင်း၊သင်တန်းတက်ရောက်ခြင်းဖြင့် MCEF အသင်းဝင် ကုမ္ပဏီကြီးများနှင့် ထိတွေ့ဆက်ဆံနိုင်မည်ဖြစ်ကာမျိုးဆက်သစ်လုပ်ငန်းခွင် ( Internship ) ဆင်းနိုင်ပြီး Engineer များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times