Published_ 02 November 2023

ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ ပို့ဆောင်ခွင့်ရှိသည့် လိုင်စင်ရ ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများအနက် အေဂျင်စီ (၁၀) ခုကို ယာယီပိတ်သိမ်းထားကြောင်း အလုပ်
သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခု၂၀၂၃ ခုနှစ် အောက်တိုဘာ (၃၁)ရက်အထိ ထိုင်းနိုင်ငံသို့ လုပ်သားပို့ဆောင်စေလွှတ်ခွင့်ရသည့် အေဂျင်စီ စုစုပေါင်း (၁၅၇) ခုရှိသည့်အနက် အေဂျင်စီ (၁၀) ခုကို ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီပိတ်ထားသည့် အေဂျင်စီများမှာ Aung Kaung Mon Co.,Ltd , Diamond Bagan General Services Co.,Ltd , JMK Services Co.,Ltd , New Three Diamonds Co.,Ltd , Phyu Sin May Services Co.,Ltd , Shwe Lwin Lwin Trading Co.,Ltd , Shwe Phyo Thar Co.,Ltd , Star Yadanar Co.,Ltd , Top Choice Manpower Co.,Ltd , Win Phyo Aung Co.,Ltd, တို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယာယီပိတ်သိမ်းခံရသည့် အေဂျင်စီများကို (၆) လ မှ (၁) နှစ်အထိ ယာယီပိတ်သိမ်းထားခြင်းဖြစ်ပြီး အေဂျင်စီကုမ္ပဏီ (၁၄၇) ကသာ မြန်မာလုပ်သားများအတွက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သားများအတွက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည့် အေဂျင်စီစာရင်း အသေးစိတ်ကို Safe Migration တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group