Published 31 October 2023

  ကယားပြည်နယ်၊လွိုင်ကော်မြို့၊စျေးပိုင်းရပ်ကွက်ရှိ နောင်ယားကန်အတွင်း အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။

    အောက်တိုဘာ ၃၁ရက် နံနက် ၇နာရီခွဲ အချိန်ခန့်က နောင်ယားကန်ပေါင်းကူးတံတားအောက်တွင်  ရေနစ်‌သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်း တွေ့ရှိကြောင်း သတင်းရရှိသဖြင့် လွိုင်ကော် မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ ဖြင့်သွားရောက် ကယ်ဆယ်ပေးခဲ့ပြီး ရွှေလွိုင်ကော် လူမူကူညီရေးအသင်းယာဉ် ဖြင့် လွိုင်ကော် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

"" သေဆုံးတဲ့ အမျိုးသားက အသက် ၃၀နှစ်လောက် ရှိပြီ ဈေးပိုင်းရပ်ကွက်ကဘဲ စိတ်ကျန်းမာရေး သိပ်မကောင်းလို့ ​တော့သိရတယ် ပြင်ပဒဏ်ရာ မတွေ့ရပါဘူး ရေနစ်သေဆုံးတာလို့ဘဲယူဆပါတယ်""ဟု ရွှေလွိုင်ကော် လူမူကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

 နောင်ယားကန်သည် လွိုင်ကော် မြို့ရှိ အထင်ကရ ရေကန် တစ်ခု ဖြစ်ပြီး မြို့နေ ပြည်သူများ လာရောက်အပန်းဖြေကျသည့်နေရာ ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group