Published 31 October 2023

ထိုင်းနိုင်ငံ သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၅ဦး
ချွန်ဖွန်ခရိုင်တွင် ထပ်မံဖမ်းဆီး ခံရကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖေါ်ပြ ချက်အရသိရသည်။

  အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီအချိန်ခန့်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုင်းစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ပါဝင်သည့် ပူပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေစဉ် မသင်္ကာဖွယ်ရာ ပစ်ကပ်ကား ၁ စီးကို စစ်ဆေးရာမှ ဖမ်းခံရခြင်းဖြစ်ကြောင်းသိရသည်။

 အဆိုပါ  ကားပေါ် တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား ၅ ဦး အပါအဝင် ၎င်းတို့အား ကားဖြင့်ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားယာဉ်မောင်း၏ဇနီး(မြန်မာနိုင်ငံသူ)နှင့် ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

   စစ်ဆေးချက်အရ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၅ ဦးသည် ထိုင်းနိုင်ငံ၊ နခွန်းစီထမ်မလာ့ရ်ခရိုင်သို့ သွားရောက်အလုပ်လုပ်ကိုင်ကိုင်ရန် ကော့သောင်းမြို့မှ လာခဲ့ကြသူများဖြစ်ပြီး တစ်ဦးလျင် ပွဲးစားခ ဘတ် ၂၇၀၀၀ နှင့်ကားခ ဘတ် ၃၀၀၀၊ စုစုပေါင်း တစ်ဦးလျင် ဘတ်ငွေ ၃၀၀၀၀ စီပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

  ထို့ကြောင့် ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၅ ဦးနှင့် ၎င်းတို့အား ကားဖြင့်ခေါ်ဆောင်လာသူ ယာဉ်မောင်းနှင့်ဇနီးဖြစ်သူအား ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရန် ဖတို့ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 31 October 2023
#YMG #Yangon_Times #Yangon_Media_Group