သတ္တဌာန ၇ နေရာ၏ အောင်မြေများနှင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ အောင်မြေဌာနပေါင်း ၃၅ဌာနတို့မှ အောင်မြေများကိုစုစည်း ၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာ တူရှေ့အရပ်တွင်ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အောင်မြေတည်ထားခြင်း နှင့် သဒ္ဒါဓိပတိခေါင်းလောင်းတော်ကြီးဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနားကို ဇူလိုင် ၂၃ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တွင်ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့် ဖိတ်ကြားထားသူတွေတက်ရောက်ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နစက ဥက္ကဋ္ဌက အောင်မြေနေရာတွင် ကျောက်မျက်ရတနာများ ခင်းကျင်းကျဲဖြန့်ပူဇော်၍ အခမ်းအနားမှူးက ပထဝီဇယ မန္တန်ဂါထာနှင့် မင်္ဂလာအခါတော်စာတမ်း ကိုဖတ်ကြားပြီး မင်္ဂလာအချိန်တွင် မဇ္ဈိမဒေသ ဗုဒ္ဓဂယာ သတ္တဌာန၇ နေရာမှ အောင်မြေများနှင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ တန်ခိုးကြီးမားစေတီ ဘုရားများရှိ အောင်မြေဌာန ၃၅ ဌာနတို့၏ အောင်မြေများ ကို  ဗိုလ်ချူပ်မှူးကြီးက ဝိဇယဘူမိနိမ္မာန အောင်မြေထည့်သွင်းတည်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မိသားစုမှလှူဒါန်းသည့်သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီး ဖွင့်လှစ်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပခဲ့တယ်လို့လည်းးသိရှိရပါတယ်၊

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအခြေအနေများနှင့် ပတ်သက်၍ကြည်ညိုသဒ္ဓါပွားများ   နိုင်ရေးအတွက် သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ် အလှူရှင်များ၊မိတ်ဖက်ကုမ္ပဏီများမှအလှူရှင်များနှင့် အခြားဖိတ်ကြာထားသူများ  ကို ဗိုလ်ချုပ်မှူးကြီးက ဆက်လက်၍ ရှင်းလင်းပြသခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်ဉာဏ်တော်  အမြင့်ဆုံးဖြစ်လာမှာဖြစ်ပါတယ်။

-ymg/knl