Published 24-7-2023

ဗေဒင်နှင့်အကြားအမြင်ဟောတမ်းထုတ်သူများ လိုင်စင်ပြုလုပ်ရမည်ဆိုသည်မှာ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန တုန့်ပြန်ဖြေကြားထားသည်။

 

ယင်းနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာတစ်ခုက သာသနာရေးဝန်ကြီးဌာနအား မေးမြန်းခဲ့ရာတွင် အဆိုပါ ထုတ်ပြန်ချက်သည် သတင်းအမှားဖြစ်သည်ဟု ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

 

ယမန်နေ့ ဇူလိုင် (၂၃) ရက် က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အကြား အမြင်ဟောတမ်းထုတ်သူများ အနေဖြင့် ဟောတမ်းထုတ်ခွင့်လိုင်စင် ပုံစံ-က၊ ပုံစံ-ခ၊ ပုံစံ-ဂ နှင့် ပုံစံအထူးတို့ကို လျောက်ထားရမည်ဟု ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်အတုတွင် သာသ နာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် (၃၇/၂၀၂၃) ဖြင့် ဗေဒင်နှင့်အကြားအမြင်ဟောတမ်းထုတ်သူများအတွက် မြန်မာနိုင်ငံသာသနာပိုင် အက် ဥပဒေ ပုဒ်မ ၁၄ နှင့် ၁၇ အရ အဆိုပါ အမိန့်ကို ထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်။

 

ထို့အပြင် ဟောတမ်းထုတ်ခွင့်လိုင်စင်မရဘဲ၊ ကိုယ်တိုင်သော်လည်းကောင်း၊ လူမှုကွန်ရက်စာမျက်နှာများကသော်လည်း ကောင်း၊ အခြားဆက်သွယ်ရေးကွန်ရက်တစ်ခုခုက သော်လည်းကောင်ဆောင် ရွက်သည်ကို တွေ့ရှိပါက မြန်မာနိုင်ငံ သာသနာပိုင် အက်ဥပဒေ ပုဒ်မတို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အတုတစ်စောင် ထွက်ပေါ်ခဲ့သည်။

ယင်းအပေါ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်သုံးသပ်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သေးသည်။

YMG/my
#Local_News
#YMG #Yangon_Times