Published_ 24 7 2023

ယခုနှစ်ကုန်ပိုင်းအတွင်း အပြင်းစားအယ်လ်နီညို ဖြစ်ပေါ်လာနိုင်ဖွယ်ရှိ‌သည်ဟု မိုးဇလပညာရှင်များသုံးသပ်ထားသည်။

ကမ္ဘာ့သမုဒ္ဒရာများ၌ ယခုနှစ်အတွင်း စံချိန်တင်အပူချိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်ခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းဖြစ်စဉ်ကြောင့် ထိုင်း၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသများတွင် ရာသီဥတုပိုမိုပူနွေးလာပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီယားနှင့် ဗီယက်နမ် နိုင်ငံတောင်ပိုင်းဒေသများတွင် ပူနွေးပြီးခြောက်သွေ့‌ သောရာသီဥတုမျိုးဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

 

ထို့ကြောင့် ဆန်စပါးစိုက်ပျိုးရေးဇုန်များအပေါ်တွင် သက်ရောက်မှုများရှိလာနိုင်ပြီး၊  မိုးစပါးရိတ်သိမ်းချိန်နှင့် နွေစပါးစိုက်ပျိုးမည့် အချိန်ကာလများတွင် ပိုမိုသက်ရောက်လာနိုင်ကြောင်း သိရသည်။

 

အယ်လ်နီညိုဖြစ်စဉ်ကြောင့် အရှေ့ တောင်အာရှဒေသများတွင် မိုးနှင့် နွေစပါးထုတ်လုပ်မှုများ လျော့ကျသွားနိုင်တယ်ကြောင်း ခန့်မှန်းထားကြသည်။
YMG/my
#Local_News
#YMG #Yangon_Times