#Local_News

Published-23-7-2023

ယနေ့ ဇူလိုင်(၂၃)ရက်နေ့တွင် မြန်အောင်မြို့အနီး အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၀)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသနှသ့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်ထား သည်။

 

မိုးဇလ၏ ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်တွင် မြန်မာစံတော်ချိန် (၁)နာရီ၊ (၁၇)မိနစ်အချိန်၌ ဂွမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၈၈) မိုင်ခန့်ကွာဝေးသော မာန်အောင်မြို့၏ တောင်- အရှေ့တောင်ဘက် (၁၄) မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

အလားတူ ယမန်နေ့ ကလည်း စစ်ကိုင်း တိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် (၄ ဒသမ ၇)အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ခဲ့သည်။

 

ထုတ်ပြန်ချက်တွင် ဇူလိုင် ၂၂ ရက် နံနက်  ၂ နာရီခွဲကျော်အချိန်ခန့်က  တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၈၇) မိုင်ခန့်ကွာဝေးသော  လေရှီးမြို့၏ တောင်-အရှေ့တောင်ဘက် (၁၆) မိုင်ခန့်အကွာတွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

၂၀၂၃-၂၀၂၄ခုနှစ်အတွင် အယ်နီညို ဖြစ်စဉ်များ ကမ္ဘာ့တစ်ဝှမ်းဖြစ်ပေါ်လာနိုင်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်းများထိခိုက်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များ ကသုံးသပ်ပြောဆိုထားသည်။

YMG/my
Yangon Times