#Local_News

Published-23-7-2023

 ထိုင်းနိုင်ငံဘောလုံးကလပ် တစ်ခုဖြစ်သော Uthai Thani FC တွင် ဝင်ရောက်ကစားနေသော မြန်မာ့လက်ရွေးစင် တိုက် စစ်မှူး အောင်သူက အသင်းသစ်အတွက် နှစ်ဂိုးသွင်းယူပေးခဲ့ကြောင်း ယင်းဘောလုံးအသင်းက ထုတ်ပြန်သည်။

 

ပြီးခဲ့သော ဇူလိုင်( ၉) ရက်က Uthai Thani FC ကမ္ဘောဒီးယားကလပ် Tiffy Army FC တို့ယှဉ်ပြိုင်ကစားကြရာတွင် လူစားဝင်ကစားခဲ့သူ အောင်သူက နှစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

Uthai Thani FC တွင် အောင်သူက ပွဲဉီးထွက် ကစားခဲ့ခြင်းဖြစ်ပြီး၊ ပွဲချိန်  ၇၁ မိနစ်နှင့် ၇၉ မိနစ် အချိန်တို့၌ ဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါပွဲတွင် Uthai Thani FC အသင်းက Tiffy Army FC အသင်းကို ၇ ဂိုး၊ ဂိုး မရှိ ဖြင့် အနိုင်ရရှိခဲ့သည်။

 

ဇူလိုင် (၈) ရက်က Uthai Thani FC ဘောလုံးအသင်းတွင် အောင်သူ လာရောက် ကစားမည်ဖြစ်ကြောင်း တရား ဝင် ထုတ်ပြန်ခဲ့သည်။

 

#YMG/my
#Yangon _Times