#Local_News
Published 18 July 2023


ယခုမိုးစပါးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းအတွက် မြေဩဇာဈေးနှုန်း(ရည်ညွှန်းဈေးနှုန်း)များ လျှော့ချဖြန့်ဖြူးရန် ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရသည်။

 

ယူရီးယားမြေဩဇာဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီ၏ဥက္ကဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကထည့်သွင်းပြောကြားချက်အရသိရခြင်းဖြစ်သည်။

 

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် တောင်သူများမြေဩဇာ အချိန်မီရရှိရေး၊ဈေးနှုန်းသက်သာစွာရရှိရေးအတွက်မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့်ညှိနှိုင်းပြီး သွင်းအားစု ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ပေးလျက်ရှိရာ ရန်ကုန်အထိုင် ဈေးနှုန်းနှင့် ပုံမှန်ရောင်းဈေးနှုန်း များအဖြစ် ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ ယူရီးယား (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ၇၅,၀၀၀ ကျပ်၊ ယူရီးယား (အလုံးသေး) ၅၀ ကီလို တစ်အိတ်လျှင် ၆၈,၈၀၀ကျပ်၊ ကွန်ပေါင်း၅၀ ကီလိုတစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ပြန်ပေးထားပြီး ယခုမိုးစပါးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းအတွက် ဇူလိုင် ၁၁ ရက်မှ ၃၁ ရက်အထိ ယူရီးယား (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ၆၈,၈၀၀ ကျပ်၊ ကွန်ပေါင်း၅၀ကီလိုတစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ပေးထားကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

 

#tthl #Local_News #မြေဩဇာဈေးနှုန်းလျှော့ချ ဖြန့်ဖြူးရန်ထုတ်ပြန်
#Yangon_Times