#Local_News
Published-24 June 2023

ရန်ကုန်တိုင်းဒေသကြီးတွင် ကလေးငယ် ၄၀၀ ခန့် ဆီးချိုရောဂါဖြစ်ပွားနေပြီး လက်ရှိဆေးဝါးကုသမှုခံယူနေသည့် ကလေးငယ် ၂၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးက သိရသည်။

 

ကလေးဆီးချိုရောဂါသည် လူသိနည်းသည့်ရောဂါအမျိုးအစားဖြစ်ပြီး ရန်ကုန်ကလေးဆေးရုံကြီးအနေဖြင့် ကလေးဟော်မုန်းနှင့် ဆီးချိုရောဂါကုသမှုဌာနကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ ကုသပေးလျက်ရှိနေကြောင်း၊ ကုသပေးနေသော အမျိုးအစားကို ၂ မျိုးခွဲထားရာ (၁)ကလေးဆီးချို (၂) ကလေးဆီးချိုနှင့် မွေးကင်းစကလေးဆီးချိုတို့ ဖြစ်ကာ အမျိုးအစား (၁) ဖြစ်စသည့် ကလေးဆီးချိုရောဂါဖြစ်ပွားသူများပြားနေခြင်းဖြစ်ကြောင်း သိရသည်။

 

"အမျိုးအစား(၁) ကလေးဆီးချိုက ဘာကြောင့်ဖြစ်တာလဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ပန်ခရိယက်စ်ကိုဖျက်တဲ့ Anti- body တွေ ပေါ်လာတဲ့အခြေအနေတွေရှိတယ်။ အဲဒါကြောင့် လိုအပ်တဲ့ အင်ဆူလင်မထုတ်နိုင်တော့ဘဲ သေးသွားတဲ့သဘောရှိတယ်။ အဲတော့ အင်ဆူလင်လိုအပ်တဲ့ပမာဏကိုမထုတ်လုပ်နိုင်တော့တဲ့အခြေအနေမှာ ကလေးဆီးချိုဖြစ်တဲ့သဘောရှိပါ တယ်။ အဲဒါကိုလည်း ဆင်ဆူလင်တစ်မျိုးနဲ့ပဲကုသနိုင်ပါတယ်။ အင်ဆူလင်ကသောက်ဆေးမရှိပါဘူး။ ထိုးဆေးပဲရှိပါတယ်။ အမျိုးအစား(၁) ကလေးဆီးချိုဟာ ဘယ်လောက်ကြာအောင်ဖြစ်မလဲဆိုရင်တော့ အခုထိလက်ခံထားတာကတစ်သက်လုံးဖြစ်မယ်ဆိုတဲ့အခြေအနေပါ။ ဒီကလေးဟာ အမျိုးအစား(၁) ကလေးဆီးချိုဖြစ်မယ်ဆိုရင် တစ်သက်လုံးအင်ဆူလင်ထိုးရမယ်ဆိုတဲ့ အခြေအနေမျိုးပါ။ ကလေးဆီးချိုလို့ပြောလိုက်ပေမဲ့ အမျိုးအစားလေးတွေ နည်းနည်းတော့ကွဲပါတယ်"ဟု ရန်ကုန်ကလေးဆေးရုံကြီး ကလေးအထူးကုဆရာဝန်ကြီးတစ်ဦး က ပြောသည်။

 

အမျိုးအစား(၂)ဆီးချိုရောဂါသည် ကလေး၏ ကလေး၏ lifestyle အပေါ်ပြောင်းလဲမှုလုပ်ခြင်း၊ အစားအသောက်အနေအထိုင်ပေါ်မူတည်၍ဖြစ်နိုင်ချေလျော့နည်းသွားစေသော်လည်း ဆီးချိုရောဂါမျိုးရိုးရှိသူ၊ အထိုင်များသူ၊ အချိုများသည့် အစားအသောက် များစားသုံးပါက အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေများကြောင်း၊ အမျိုးအစား(၂)ဆီးချိုရောဂါ လကဏာအနေဖြင့် ဆီးသွားများခြင်း၊ ရေမကြာခဏငတ်နေခြင်း၊ ကလေးကတဖြည်းဖြည်းပိန်လာခြင်း၊ နုံးချည့်နေခြင်းစသည့်အခြေအနေများရှိလျှင် နီးစပ်ရာကလေးဆရာဝန်များနှင့်ပြသခြင်း၊ ဆီးချိုဖောက်စက်ဖြင့် ဖောက်ကြည့်၍ သကြားဓာတ်များနေလျှင် နီးစပ်ရာကလေးဝန် ဆရာဝန်နှင့်တိုင်ပင်၍ ကုသမှုခံယူရန် လိုအပ်ကြောင်းလည်း သိရသည်။

 

#Local_News #ကလေးငယ်၄၀၀ခန့်ဆီးချိုရောဂါဖြစ်ပွားနေ
#Yangon_Times/BM