#Local_News
Published_24 June 2023

လှပါတယ်မေရယ်´ ...သီချင်း၊ အနားမှာနေပါကွယ်´ စံပယ်လို နှင်းဆီလိုလို´ ပန်ပေးပါရစေ စံပယ်ကုန်း´စသည့်သီချင်းများရေးသားဖန်တီးသူ စန္ဒယားငွေစိုးကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရသည်။

 

စန္ဒယားငွေစိုးကွယ်လွန်သွားတယ်ဆိုတာ ဟုတ်ပါတယ် သူ့အိမ်ကို ဂီတအစည်းအရုံးဥက္ကဌဦးလွင်မြင့်ကိုယ်တိုင်သွားနေပါတယ်။ တနင်္လာနေ့ကျရင်နာရေးပို့ဖို့ အစီအစဥ်တွေဆောင်ရွက်နေပါတယ်´ဟု မြန်မာနိုင်ငံဂီတ အစည်းအရုံးမှပြန်ကြားရေးမှူးက ပြောသည်။

 

`စန္ဒယားငွေစိုးဟာ ငယ်ငယ်ကတည်းက သူငယ်ချင်းပါ။ သူဟာ သူ့ရဲ့ထူးခြားချက်အနေနဲ့ ကမ္ဘာဂီတကိုလည်း တီးခတ်နိုင်တယ်။ ဂီတလောကအတွက်ဆုံးရှုံးမှုတစ်ခုပေါ့။ တော်တော်စိတ်ထဲမကောင်းဘူး။ တွံတေးသိန်းတန် သီချင်းတွေအားလုံးဟာ သူတီးခတ်ပေးတာများပါတယ်´ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌဦးလွင်မြင့်က ပြောသည်။

 

ဇွန်လ ၂၄ ရက် မနက် ၁ နာရီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ၂၆ ရက်မနက် ၁၁ နာရီတွင် ရေဝေး၌သဂြိုဟ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

#Local_News #သီချင်းရေးသားဖန်တီးသူ စန္ဒယားငွေစိုးကွယ်လွန်
#ymg/tthl #Yangon_Time