#Local_News
Published_ 24 February 2023

 

ရွှေတိဂုံစေတီတော် ၂၆၁၁ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို ယနေ့ဖေဖော်ဝါရီလ ၂၄ ရက် နံနက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ တပေါင်းပွဲတော်ကြီးကို ၁၀ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မတ်လ ၄ ရက် (အဖိတ်နေ့) ညနေ ၄ နာရီအချိန်တွင် သံဃာတော် ၁၁၇ ပါး၊ သီလရှင် ၂၇ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူမှုများ ပြုလုပ်၍ မတ်လ ၅ ရက် (တပေါင်းလပြည့်နေ့) နံနက် ၉ နာရီတွင် မဟာပဋ္ဌာန်းသိမ်းအောင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ဘုရားဖူးလာရောက်သည့် ဧည့်သည်တော်များအနေဖြင့် ကြိုတင်စာရင်းပေးသွင်း၍ ပါဝင်လောင်းလှူနိုင်ကြောင်းလည်း သိရသည်။

 

တပေါင်းပွဲတော် မကျင်းပမီ ဖေဖော်ဝါရီလ ၈ ရက်ကစ၍ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်ထိ အလှည့်ကျ အကြိုမဟာပဋ္ဌာန်းရွတ်ဆိုပူဇော်မှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း ဂေါပက အဖွဲ့က သိရသည်။

 

ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်စတင် ကျင်းပသည့် ယနေ့တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား စေတီတော်မြတ်ကြီးမား တစ်ပတ်ခွဲ လှည့်လည်အပူဇော်ခံခဲ့ကြောင်းလည်း သိရသည်။

 

#ymg/mt #Local_News #ရွှေတိဂုံစေတီ #တပေါင်းပွဲတော်
#YMG #Yangon_Media_Group