#Local_News
Published_ 24 February 2023

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းသည်အင်ဒိုနီးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်စဉ် ဖေဖော်ဝါရီ ၂၂ ရက်တွင် ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးညှိနှိုင်းရေးမှူး တာဝန်ယူထားရာ အဆိုပါအစည်းအဝေးကို အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်က ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

ဆွေးနွေးပွဲသို့ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံရေး နှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Michael Tene တို့ တက်ရောက်ခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံအမတ်ကြီး Filomeno Aleixo da Cruz က လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

 

ထိုသို့တွေ့ဆုံစဉ် အာဆီယံ-တရုတ် နှစ် (၃၀) ပြည့် အထိမ်းအမှတ် အထူးထိပ်သီး အစည်းအဝေး၌ အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်နိုင်ခဲ့ခြင်းအပါအဝင် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးဖြစ်တဲ့ မြန်မာနိုင်ငံ၏ ဆွေးနွေးဖက်ဆက်ဆံရေး တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဆွေးနွေးကြပါတယ်။

 

၂၀၂၃ ခုနှစ်သည် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွင် တရုတ်နိုင်ငံက လက်မှတ်ရေးထိုးခြင်း နှစ် (၂၀) ပြည့်မြောက်သဖြင့် နှစ်ပတ်လည် အထိမ်းအမှတ်အစီအစဉ်များနှင့် အာဆီယံ-တရုတ် စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုနှစ်အတွက် ပြုလုပ်ရန်ရှိမည့် အစီအစဉ်များနှင့် တောင်တရုတ် ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ်၏ တစ်ခုတည်းသော ညှိနှိုင်းစာသားအပေါ် ဒုတိယ အကြိမ်ဆွေးနွေးမှုအား ဆောလျင်စွာအပြီးသတ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

#ygm_mnn #Local_News #အာဆီယံ #တရုတ်နိုင်ငံခြားရေးဝန်ကြီး
#YMG #Yangon_Media_Group