#Local_News
Published_ 21 February 2023

 

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် မြို့သစ်(၂)ရပ်ကွက်တွင် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်မှုဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သိရသည်။

 

ယင်းကို မြေဧရိယာ ခြောက်ဧကပေါ်တွင် လွန်ခဲ့သော ၂၀၁၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်က စတင်ပန္နက်တင်ခဲ့ကာ ၂၀၁၆ ခုနှစ် ဧပြီလ ၅ ရက်တွင် I-Green Development & Engineering Group က စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆောက်အဦ အရွယ်အစားမှာ ပေ (၃၅၀x၂၅၀x၁၀၀) ဖြစ်ပြီး မြေအောက်တွင် နှစ်ထပ်နှင့်မြေပေါ်တွင် နှစ်ထပ်ပါရှိသော Steel Structure အဆောက်အဦ အမျိုးအစားဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း လုပ်ငန်းခေတ္တ ရပ်ဆိုင်းခဲ့သော်လည်း ၂၀၁၈ ခုနှစ် အတွင်း ပြန်လည်ဆောင်ရွက်နိုင် ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားမှု ကြောင့် လုပ်ငန်းခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

 

ယင်းနောက် တည်ဆောက်ရေးလုပ်ငန်းများကို ပြန်လည်ဆောင်ရွက် ခဲ့ရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် လက်ရှိ မြေပေါ်နှင့်မြေအောက် နှစ်ထပ်စီခွဲ၍ လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့သဖြင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မပြုမီလုပ်ငန်းပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group