#Myanmar_News
Published - 15 Jan 2023

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁)နှစ်မြောက် ကယား ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် ယနေ့ နံနက်ပိုင်းက KNPP အဖွဲ့နှင့် PDF အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတစ်ဦးသေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် အရပ်သား(၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကျင်းပနေတဲ့ နေရာသို့ အဆိုပါအဖွဲ့တွေက နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

 

အဲသလိုပစ်ခတ်တဲ့အတွက် ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ကျောင်းသား/သူ ၆ ဦး၊ အပြစ်မဲ့ အရပ်သား ကျား ၁ ဦး၊ မ ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့အရပ်သား ကျား ၁ ဦး သေဆုံး ခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ထားပါတယ်။

 

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များကလွိုင်ကော်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိတယ်လို့သတင်းရရှိပါတယ်။

 

#ymg_knl
#Yangon_Media_Group