#LocalNews
Published_ 15 January 2023

 

ကွယ်လွန်သွားပြီဖြစ်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေ သီရိပျံချီဘွဲ့ ရရှိသည့် အပေါ် ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက်က ဂုဏ်ပြုပွဲကျင်းပခဲ့ကြသည်။

 

အဆိုပါ ဂုဏ်ပြုပွဲကို ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရုံးချုပ်တည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက် ၊ တက္ကသိုလ်ရိပ်သာလမ်းတွင် ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

 

ယင်းအခမ်းအနားသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်း အပါအဝင် နိုင်ငံရေးပါတီများက မိတ်ဆွေများလည်း တက်ရောက်ခဲ့ကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးအတွက်၊ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များအား ပြီးခဲ့သည့်၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ များ ပေးအပ်ရာတွင် “သီရိပျံချီ” ဘွဲ့ ကို ဦးသုဝေအား ပေးအပ်ချီးမြှင့်ခဲ့ခြင်းလည်းဖြစ်သည်။

 

ဦးသုဝေသည် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလ ၁၈ ရက် ည ၇ နာရီခန့်က ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး သူကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်သည်။

 

ymg/mt
#Yangon_Media_Group