#LocalNews
Published_ 15 January 2023

 

မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်အနီးတွင် အင်အားရစ်တာစကေး(၄.၄) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်၊၊

 

ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၃၃)မိနစ်၊ (၀၈)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၈) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (ပြည်ကြီးတံခွန်မြို့နယ်၏ အနောက်-အနောက်တောင်ဘက် (၁)မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၁.၉၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၉)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟုဖော်ပြထားသည်၊၊

 

မြေငလျင်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၌ လှုပ်ခတ်မှုအများဆုံးဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မန္တလေး၊မိထ္တီလာ၊ ရမည်းသင်း ၊ပျဥ်းမနားနှင့်ပဲခူးဒေသများတွင် မြေငလျင်လှုပ်ခတ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဥ်မျိုးမင်းထွေးကလည်း သတိပေးပြောကြားထားသည်၊၊

 

ymg/tthl
#Yangon_Media_Group