#Local_News
Published _ 6 december 2022

 

အရက်ကြောင် ကြောင်၍ မိမိ၏လည်ပင်းကို ကိုယ်ကိုတိုင် ဓါးဖြင့်လှီးဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသနေလူမှုကူညီရေးအသင်းမှ သိရသည်။

 

ဖြစ်စဉ်မှာ မန္တလေးမြို့ ၊ ၄၁ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားတွင် နေထိုင်သည့် အသက် (၅၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် အရက်ကြောင်ပြီး ကိုယ့်လည်ပင်းကိုယ် ဓါးဖြင့်လှီးနေခဲ့ကြောင်းကို ရပ်ကွက်နေပြည်သူများမှ အကြောင်းကြားလာ၍ နယ်မြေခံလူမှုကူညီရေးအသင်းက အချိန်မီသွားရောက် ကယ်ဆယ်ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"အရက်ကြောင်ကြောင်ပြီး မေးအောက်လှည်ပင်းနားတွေကိုလှီးနေခဲ့တာပါ။ စိုးရိမ်စရာအခြေအနေမရောက်ခင် ရပ်ကွက်က အကြောင်းကြားလာလို့ အသင်းက သွားရောက်ခေါ်ဆောင်ပြီး အချိန်မှီ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်"လို့ မဏီစလ လူမှုကူညီရေးအသင်း(မန္တလေး)မှ ဆိုထားသည်။

 

#ymg/NN
#Yangon_Media _Group