#Local_News
Published_ 6 December 2022

 

လှိုင်သာယာမြို့နယ်ရှိ တရုတ်-မြန်မာချစ်ကြည်ရေးစာသင်ကျောင်းဖြစ်သည့် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းအတွက် ကျောင်းသုံးပစ္စည်းနှင့် အားကစားပစ္စည်းများကိုလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်၊၊

 

ဒီဇင်ဘာလ ၁ ရက်သံရုံးကိုကိုယ်စားပြုအနေဖြင့် သံမှူးကြီး Ms. Cao Jingနှင့်အဖွဲဝင်များ သွားရောက်လှူဒါန်းခဲ့သည်၊၊

 

အဆိုပါ စာသင်ကျောင်းထံသို စားပွဲတင်တင်းနစ်စားပွဲ၊ ဘက်စကတ်ဘောလုံး၊ ဘောလုံး၊ လေ့ကျင့်ခန်းစာအုပ်၊ ဘောပင် စသည့် စာပေနှင့် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ကာ အဆိုပါကျောင်းမှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို စုံလင်ကြွယ်ဝသော စာပေနှင့်အားကစား၊ ပညာရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးသည်ဟု ဖော်ပြထားသည်၊၊

 

သံမှူးကြီး Ms. Cao Jing က တရုတ်နိုင်ငံသည် တရုတ်ပုံစံ ခေတ်မီမှုဖြင့် တရုတ်လူမျိုးတို့ ပြန်လည်ရှင်သန်နိုးထရေးကို ဘက်စုံမြှင့်တင်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံသည် “ပညာရေးဖြင့် ခေတ်မီအင်အားတောင့်တင်းသောနိုင်ငံအဖြစ် တည်ဆောက်ရေး” ကို အဆိုပြုထားကြောင်း၊ နှစ်နိုင်ငံလုံးသည် ခေတ်မီမှုဖြင့် နိုင်ငံတော်ကို တည်ဆောက်နေကြပြီး ပြည်သူလူထုဘဝ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ကြရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အလွန်များပြားကြောင်း ပြောကြားခဲ့သည်။

 

တရုတ်သံရုံးသည် ၂၀၁၇ ခုနှစ်တွင် အဆိုပါကျောင်းအတွက် စာသင်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေးခဲ့ပြီး ကျောင်းမှ ထူးချွန်ကျောင်းသားကျောင်းသူများကိုလည်း တရုတ်-မြန်မာချစ်ကြည် ရေးပညာသင်ဆုများ အကြိမ်များစွာပေးအပ်ခဲ့ကာ ကျောင်းသားကျောင်းသူများ၏ ပညာရေးအိပ်မက်ကို အားဖြည့်ကူညီပေးထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊

 

#ymg/tthl
#Yangon_Media_Group