#Local_News
Published _ 6 December 2022

 

ယခုရက်ပိုင်းအတွင်း၌ ရွှေဘိုပေါ်ဆန်း ဆန်ဈေးများ ပြန်တက်လာခဲ့ပြီး ရန်ကုန်ဂိုဒေါင်အထိုင်ဈေး တစ်အိတ်ကို ကျပ်တစ်သိန်းဝန်းကျင်အထိ ပြန်တက်လာကြောင်း ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလတတိယအပတ်မှာ ရွှေဘိုခရိုင်အတွင်း ဆန်စပါးစျေးတည်ငြိမ်မှုရှိနေပြီး ပေါ်ဆန်းစပါးဟောင်း တင်း၁၀၀ကို ငွေကျပ် ၂၄ သိန်း ပေါက်ဈေးရှိကာ ၂၄ ပြည်ပါ ဆန်တစ်အိတ်ကို ကျပ် ၈၅၀၀၀ ရှိခဲ့သော်လည်း ယခု ဒီဇင်ဘာလ ပထမအပတ်မှစ၍ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ငွေကျပ် ၉၄၀၀၀ကျပ် အထိရှိနေပြီး ပေါ်ဆန်းစပါးဟောင်းတင်း ၁၀၀လျှင် ငွေကျပ် ၂၆၃၀၀၀၀ အထိရှိနေကြောင်း အသင်းမှ သိရှိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ ၂၀၂၂-၂၃ ခုနှစ် အတွင်း ရွှေဘိုပေါ်ဆန်း မိုးစပါးစိုက်ဧကမှာ ဧကပေါင်း (၃၃၃၉၄၂) ဧက ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရှိရသည်။

 

#ymg/NN
#Yangon _Media_Group