#Local_News
Published_26 November 2022

 

ယခုဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၁၈ ရက်အထိ ရက်ပေါင်း ၂၃၀ အတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၄ ဘီလီယံရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာန၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

 

ပြီးခဲ့သည့်နှစ်ကာလတူနှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၉၅ သန်းကျော်ပိုမိုရရှိခဲ့ပြီး မြဝတီ၊ ကော့သောင်းနှင့် မောတောင်နယ်စပ်ဂိတ်တို့သည် ကုန်သွယ်မှုလျော့ကျခဲ့ခြင်းဖြစ်သည်။

 

တာချီလိတ်ဂိတ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၉၉ ဒသမ ၀၇ သန်း ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက်ကန်ဒေါ်လာ ၂၆ သန်းကျော် တိုးလာကြောင်း၊ မြဝတီနယ်စပ်ဂိတ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄ ဘီလျံ ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ ၁၂၄ သန်းကျော် လျော့ကျခဲ့ပါတယ်။ ကော့သောင်းနယ်စပ်ဂိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၂၃ သန်းကျော်ကုန်သွယ်မှုပြုလုပ်ခဲ့ပြီးတော့ ၈ သန်းကျော် လျော့ကျခဲ့တယ်လို သိရပါတယ်။

 

မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁ ဘီလီယံ ကုန်သွယ်ခဲ့ပြီး ထီးခီးဂိတ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ဘီလီယံကျော် ကုန်သွယ်ခဲ့ကာ ယခင်နှစ်ထက် ကန်ဒေါ်လာ ၄၄၃ သန်းကျော် တိုးလာကြောင်းသိရသည်။

 

ယင်းအပြင် မောတောင်နယ်စပ်ဂိတ်တွင် အမေရိကန်ဒေါ်လာ ၇ သန်းကျော်ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ ၁ သန်းနီးပါး လျော့ကျခဲ့ကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

 

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပ့ိုနေပြီး ထိုင်းနိုင်ငံဘက်ကနေ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဂတ်စ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ၊ အထည်ချုပ် (CMP) လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်များကို တင်သွင်းကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group