#Myanmar_News
Published :26 November 2022

 

ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းကြီးမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုနှင့် သီလဝါအထူးစီးပွားရေးဇုံ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှု အခြေအနေများကို နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Hideo Watanabe နှင့် နိုဝင်ဘာ ၂၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ ဆွေးနွေးခဲ့ပါတယ်။

 

ထို့ပြင် ပြည်တွင်းပြည်ပနိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အခြေအနေများ၊ ဂျပန်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြပါတယ်။

 

အဆိုပါတွေ့ဆုံပွဲသို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး Mr. Yusuke Watanabe တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group