#Local_News
Published_ 11 November 2022

 

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၌ ကျင်းပခဲ့ပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့ တက်ရောက်ကြပါတယ်။

 

ဒုတိယနေ့ ဆွေးနွေးပွဲတွင် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား -၂)နှင့်ပတ်သက်၍ တက်ရောက်လာကြ သူများက မိမိတို့၏ သဘောထားများ၊ လိုလားချက်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အထွေထွေ ဆွေးနွေးခြင်းအနေဖြင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။

 

ထို့နောက် ၂ ရက်တာ ဆွေးနွေးညှိနှိင်းချက်များအရ နှစ်ဖက်သဘောတူညီချက် များကို အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group