#Local_News
Published_ 11 September 2022

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁၁၅၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

စက်တင်ဘာလ ၈ ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ ဇော်ကိုမြင့် မောင်းနှင်ပြီး မျိုးသီဟလိုက်ပါ လာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄.၁၈ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၄၅ သိန်း)၊ ဘိန်းစိမ်းအလေးချိန် ၉ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၁၀၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။

 

စစ်ဆေးရာတွင် ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဇော်ကိုမြင့်(၄၅)နှစ်နှင့် မျိုးသီဟ(၂၅)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ygm_mnn
#Yangon_Media_Group