#Local_News
Published - 10 September 2022

 

မော်တော်ယာဉ် အာမခံတွေကို တွက်ချက်ရာတွင် ဈေးကွက်ပေါက်ဈေးတွေအတိုင်း စိစစ်တွက်ချက်ရန် မြန်မာ့အာမခံလုပ်ငန်းက ထုတ်ပြန် ကြေညာထားသည်။

 

မော်တော်ယာဉ်တွေ၏ တန်ဖိုးတွေသည် မြင့်တက်နေသော်လည်း မော်တော်ယာဉ်အာမခံ ထားရှိရာတွင် လက်ရှိကာလပေါက်ဈေးထက် လျော့နည်းတွက်ချက်နေတာကြောင့် ယခုလိုအသိပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါ မော်တော်ယာဉ်ဈေးနှုန်းများမြင့်တက်နေပြီး အာမခံတန်ဖိုးတွေကတော့ ကာလပေါက်ဈေးတွေထက် လျော့နည်းနေခြင်းကြောင့် ယာဉ်မတော်တဆမှုများတွင် လျော်ကြေးစိစစ်တွက်ချက်မှုတွေမှာ အငြင်းပွားဖွယ် အခြေအနေတွေရှိနေကြောင်း သိရသည်။

 

အလားတူအာမခံထားသူတွေအနေဖြင့် အာမခံတန်ဖိုးတွေကို အဆိုပြုရာတွင် ကာလပေါက်ဈေးမြင့်တက်မှုကို တိုးပြီး ပြောင်းလဲ အဆိုပြုရမှာဖြစ်ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ ပြောင်းလဲအဆိုပြုထား ခြင်းမရှိသည့် မော်တော်ယာဉ်တွေကို ပျှမ်းမျှပေါက်ဈေးတွေဖြင့်သာ ပေးလျော်မှာဖြသ်သည်ဟု မြန်မာ့အာမခံလုပ်ငန်းက ထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group