#Local_News
Published - 10 September 2022
တရုတ်နိုင်ငံက အာဆီယံအားထောက်ပံ့၍ မြန်မာနိုင်ငံအတွက်ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ(၂)သန်းနှင့် ဆေးထိုးအပ်များ ထပ်မံလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
အဆိုပါ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးများကို လက်ခံရယူခြင်းအခမ်းအနားကို စက်တင်ဘာလ ၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့သည်၊၊
တရုတ်နိုင်ငံအနေဖြင့်ယခင်က နှစ်ဦးနှစ်ဖက်လမ်းကြောင်းမှ တစ်ဆင့် ကူညီလှူဒါန်းသည့် Vaccine များ အပါအဝင် မြန်မာနိုင်ငံအတွက် Vaccine အကြိမ်ရေပေါင်း ၅၃ သန်း ထောက်ပံ့ပေးပြီးဖြစ်သည်ဟု
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသံမှူးကြီး Mr. Zheng Zhihong က လှူဒါန်းသည့် အခမ်းအနားတွင် ပြောကြားသည်၊၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသံမှူးကြီး Mr. Zheng Zhihong က "တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော်သံယောဇဉ် သမိုင်းကြောင်းကြာရှည်ပါကြောင်း၊ ယနေ့တွင် တရုတ်နိုင်ငံက အာဆီယံအားထောက်ပံ့၍ မြန်မာနိုင်ငံအတွက်လှူဒါန်းသည့် ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) ၂ သန်းနှင့် တွဲဖက်ဆေးထိုးအပ်များ ရန်ကုန်မြို့သို့ ပို့ဆောင်ရောက်ရှိခဲ့ကြောင်း၊ ယခင်က နှစ်ဦးနှစ်ဖက်လမ်းကြောင်းမှတစ်ဆင့် ကူညီလှူဒါန်းသည့် Vaccine များအပါအဝင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် Vaccine အကြိမ်ရေပေါင်း ၅၃ သန်း ထောက်ပံ့ပေးပြီးဖြစ်ကာ မြန်မာပြည်သူများကျန်းမာရေးအတွက် ခိုင်ခံ့သည့်အာမခံပေးလိုက်ပြီး တရုတ်-မြန်မာအေးအတူ ပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့်အတူ စည်းလုံးစွာ ကပ်ရောဂါတိုက်ဖျက်ရေးအား စွဲမြဲစွာဖော်ဆောင်ပြီး “China-ASEAN Health Shield” ကိုလက်တွဲတည်ဆောက်ကာ အာဆီယံနိုင်ငံပြည်သူများ ကျန်းမာရေးနှင့် စီးပွားရေးပြန်လည်ဦးမော့မှုအတွက်အကျိုးထမ်းဆောင်ကာ တစ်ကမ္ဘာလုံး ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုစံနမူနာဖြစ်လာကြောင်း" ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းက "ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ စစ်ဆေးရေးပစ္စည်း၊ အကာအကွယ်ဝတ်စုံ၊ Vaccine၊ ဆေးထိုးအပ်နှင့် Mobile Laboratory Vehicles စသည့် ပစ္စည်းအများအပြား ကူညီပေးအပ်ခဲ့ပြီး ဆေးကုသရေးပညာရှင်အဖွဲ့ကို မြန်မာနိုင်ငံတွင်လာရောက်ကူညီရန် စေလွှတ်ခဲ့ကာ တရုတ်-မြန်မာနှစ်နိုင်ငံက လူမှုစီးပွားကဏ္ဍတွင် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးကို ထင်ဟပ်နေကြောင်း၊ သြဂုတ်လ ၂၉ ရက်နေ့အထိ မိမိတို့သည် ၁၈ နှစ်အထက်လူဦးရေပေါင်း သန်း ၃၀ အတွက် Vaccine ထိုးနှံပေးပြီးဖြစ်ကာ ထိုးနှံမှုနှုန်းသည် ၉၆% ရှိကြောင်း "ပြောကြားခဲ့သည်။
ထို့နောက် သံမှူးကြီး Mr. Zheng Zhihong၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမင်းတို့က Vaccine လှူဒါန်းသည့်စီမံကိန်း လက်ခံရယူမှု သက်သေခံလက်မှတ်ကို အတူတကွ လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံး ဒုတိယတာဝန်ခံ Soth Vanna နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group