#Local_News
Published - 6 September 2022

ယနေ့ စက်တင်ဘာလ ၆ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

 

ယနေ့ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ၂၄၂၅ ကျပ်၊ 95 တစ်လီတာ ၂၅၃၅ ကျပ်၊ 97 တစ်လီတာ ၃၁၁၈ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃၁၉၅ ကျပ်ဖြစ်ကြောင်း သိရသည်။

 

ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီမှာ ယခုအပါတ်အတွင်း မြန်မာနိုင်ငံသို ရောက်ရှိမည်ဖြစ်ပြီး ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ယင်းအပြင် စက်သုံးဆီပြတ်လပ်သည့် ဆီဆိုင်တွေကိုလည်း အရေးယူဆောင်ရွက်မည်ဟုလည်း အသိပေး ထုတ်ပြန်ကြေညာထားသည်။

 

ရန်ကုန်၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်း ဖြင့်ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

#ymg/sth
#Yangon_Media_Group