#Local_News
Published _ 6 September 2022

 

မြန်မာအပါအဝင် (၇)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ပါဝင်တက်ရောက်သည့် နိုင်ငံအလံများကို International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ရုရှားအာကာသယာဉ်မှူးများက အာကာသတွင် ချိတ်ဆွဲ ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

 

ချိတ်ဆွဲထားသည့် အလံများမှာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တရုတ်နိုင်ငံတို့၏ အလံများဖြစ်ကြောင်း တွေ့မြင်ရသည်။

 

လက်ရှိတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ (၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022)ကိုကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ယင်းတွင် ပါဝင်တက်ရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ဂုဏ်ပြုသောအားဖြင့် ချိတ်ဆွဲ ဂုဏ်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း ရုရှားဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

 

မနက်ဖြန် စက်တင်ဘာလ ၇ ရက်တွင် အဆိုပါ စီးပွားရေး ဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session ကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ မြန်မာနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan ၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene တို တက်ရောက်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Mr. Li Zhanshu လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group