#Local_News
Published _ 6 September 2022

 

ယူနက်စကိုဝင်နိုင်ရေးကြိုးပမ်းနေသော မြောက်ဦးနန်းရာကုန်းတွင် ယနေ့ စက်တင်ဘာလ ၆ ရက် နံနက် ၉နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရသည်။

 

"ဗုံးကွဲတာ မနက် ၉ နာရီလောက်က နန်းရာကုန်းရဲ့ အရှေ့တောင်ထောင့်၊ ဒုတိယတံတိုင်းနဲ့ တတိယတံတိုင်းကြားမှာ ဖြစ်တာ။ လူရော မြို့ရိုးရော ထိခိုက်ပျက်စီးတာ မရှိပါဘူး၊ ဘယ်သူလုပ်တယ်ဆိုတာတော့ မသိပါဘူး"ဟု အဆိုပါ ဌာနတာဝန်ရှိသူက YMG ကို အတည်ပြုပြောပြသည်။

 

မြောက်ဦးဒေသ ယဉ်ကျေးမှုအမွေအနှစ်ယူနက်စကိုဝင်နိုင်ရေးအတွက် တင်ပြထားပြီး ဖြစ်ရာ ယခု ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် သက်ဆိုင်ရာပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ မြောက်ဦးဒေသအား ယူနက်စကိုစာရင်းဝင်၊ မဝင် ဆုံးဖြတ်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group