#Local_News
Published _ 31 August 2022

 

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်မည့် မြန်မာလုပ်သား ၂၂၀ ဦးဟာ ဩဂုတ်လ ၃၀ ရက်နှင့် ၃၁ ရက်မှာ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။

 

ဩဂုတ်လ ၃၀ ရက်မှာ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၁၁ ဦးဟာ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ဩဂုတ်လ ၃၁ ရက်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားသစ် ၂၉ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၅၂ ဦးနှင့် ကုန်ထုတ်လုပ်သားသစ် ၂၈ဦး၊ စုစုပေါင်း ၁၀၉ဦးဟာ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

 

ရောက်ရှိလာသည့် မြန်မာလုပ်သားတွေကို အလုပ်သမားသံအရာရှိမှ ကြိုဆိုပြီး အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်တာများ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

တောင်ကိုရီးယားအစိုးရအနေနှင့် မြန်မာလုပ်သားများကို တရားဝင်ပြန်လက်ခံနေ ပြီး ယခုဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦးကို တရားဝင်ဝင်ခွင့်ပြုခဲ့သည်။

 

#ymg/NN
#Yangon_Media_Group