#Local_News
Published - 31 August 2022

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာဓါတ်ဆီစျေးဆက်လက်မြင့်တက်နေပြီး ဒီဇယ်စျေးအနည်းငယ် ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

 

ယနေ့(သြဂုတ် 31) ရက် စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာကို ၂၅၇၀ ကျပ်၊ 95 တစ်လီတာကို ၂၆၇၀ ကျပ်၊ 97 တစ်လီတာကို ၃၂၄၅ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၃၃၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 

ယမန်နေ့(သြဂုတ် ၃၀) စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာကို ၂၄၉၅ ကျပ်၊ 95 တစ်လီတာကို ၂၆၃၅ ကျပ်၊ 97 တစ်လီတာကို ၃၂၅၅ ကျပ်၊
ဒီဇယ်နှင့်ပရီမီယံဒီဇယ်တစ်လီတာကို ၃၃၃၅ ကျပ်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန် ၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်း ဖြင့်ရောင်းချပေး နေကြောင်းစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ သိရသည်။

 

#Ymg/STH
#Yangon_Media_Group