#Local_News
Published_31 August 2022

 

ငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၃၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းရန် MNA က အရောင်းကိုယ်စားလှယ်များအားအကြောင်းကြားထားကြောင်း သိရသည်။

 

ဗဟိုဘဏ်အနေဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ် ဟု သတ်မှတ်ထားသော်လည်း နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ကမူ တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဖြင့်ပေးသွင်းရန် အကြောင်းကြားခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေကြောင်း သိရသည်။

 

အဆိုပါ အကြောင်းကြားစာတွင် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် အရောင်းကိုယ်စားလှယ်များ၏ လေယာဉ်လက်မှတ် ရောင်းချမှုများအတွက် USD Deposit ပေးသွင်းခြင်းကို Exchange Rate 1 USD @ 3000 MMK ဖြင့် ညီမျှသော ကျပ်ငွေကို ငွေသား (သို့မဟုတ်) Mobile & I Banking ဖြင့် အောက်ပါ ဘဏ်စာရင်းများသို့ ဩဂုတ်လ (၃၀) ရက်နေ့ ညနေ (၄)နာရီမှစတင်၍ ပေးသွင်းရမည်ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

 

ယင်းအပြင် ဘဏ်စာရင်းများနှင့် ငွေလဲလှယ်နှုန်း ပြောင်းလဲမှုရှိပါက ထပ်မံအသိပေး အကြောင်းကြားပါမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

 

#ymg/mt
#Yangon_Media_Group