#Local_News
Published_31 August 2022

 

ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးအတွက် မတည်ထားသော ငွေကျပ် ၈ ဘီလီယံကို စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းလုပ်ငန်းများ အမြန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

 

ယင်းအပြင် မြစိမ်းရောင်စီမံကိန်းပုံဖြင့် ကျေးရွာများ ရွေးချယ်သတ်မှတ်၍ အရင်းမပျောက်မတည်ငွေဖြင့် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းစဉ်များ၊ အတိုးနှုန်းနှင့် ချေးငွေသက်တမ်း သတ်မှတ် ဆောင်ရွက်နိုင်ရေး စသည်တို့ကိုလည်း လုပ်ဆောင်နိုင်ရန် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတိုက စီစဉ်နေကြောင်း သိရသည်။

 

ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး၊ ဘဏ္ဍာလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သြဂုတ်လ ၃၀ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group