#Local_News
Published_ 28 Aug 2022

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။

 

ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြပါတယ်။

 

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) မှ ပြင်ဆင်လိုသည့်အချက်များနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့မှ အဆိုပြုချက်များအပေါ် ညှိနှိုင်းရေး ကော်မတီမှ လေ့လာဆန်းစစ်တွေ့ရှိချက်များအား တစ်ချက်ချင်းစီ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက အဆိုပြုချက်များနှင့် စပ်လျဉ်း၍ ၎င်းတို့၏သဘောထားအမြင်ကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပါတယ်။

 

ယင်းနောက် ညှိနှိုင်းရေးကော်မတီက ဂျာမနီနိုင်ငံ၏ဖက်ဒရယ်စနစ်ကျင့်သုံးနေမှုအပေါ် လေ့လာတွေ့ရှိချက်များကို ရှင်းလင်းဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ဇယား-၁၊ ဇယား-၂ တို့မှ ဥပဒေပြဋ္ဌာန်းရန် ကျန်ရှိနေသည့် ဥပဒေပြုခွင့်ရ စာရင်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

 

ygm_mnn
#Yangon_Media_Group