#Local_News
Published_ 26 Aug 2022

 

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်သူများ နေပြည်တော်နည်းပညာတက္ကသိုလ်သို ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ကြေညာထားပါတယ်။

 

နိုင်ငံတော်ရဲ့ လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများတိုးတက်ရရှိစေရန်အတွက် နိုင်ငံအကျိုးပြု အရည်အချင်း ပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ လေ့ကျင့်မွေးထုတ်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်ကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

 

သင်ကြားပို့ချသွားမယ့် ဘွဲ့သင်တန်းများကတော့ မြို့ပြအင်ဂျင်နီယာ၊ အီလက် ထရွန်းနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ ကွန်ပျူတာ အင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာနဲ့ ဗိသုကာတို့ဖြစ်ကြပါတယ်။

 

အဆိုပါ ဘွဲ့သင်တန်းများအား ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုအောင်မြင်သူများမှ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄) ဘာသာ ရမှတ် (အများ/အနည်း) ပေါ်မူတည်၍ ရွေးချယ်တက်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အသေးစိတ်သိလိုပါက အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကျောင်းသားရေးရာဌာန၊ ၀၆၇-၃၄၀၄၅၇၀၊ ၀၆၇-၃၄၀၄၆၅၂၊ ၀၆၇-၃၄၀၄၆၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ကြေညာထားပါတယ်။

 

ygm_mnn
#Yangon_Media_Group