#Local_News
Published_24 August 2022

 

နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌလည်းဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းသား ကျော်သူ၏ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ အာဇာနည်လမ်း၊ အမှတ် (၆၆) နေအိမ် ချိတ်ပိတ်သိမ်းဆည်းခံရကြောင်း သိရသည်။

 

အကယ်ဒမီကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ(ခ) ဒေါ်ရွှေဇီးကွက်တို့အား လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ (၉) ရက်တွင် ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ထားကာ ဖမ်းဝရမ်းထုတ်ထားကြောင်း၊ အဆိုပါနေအိမ်ကို သြဂုတ်လ ၂၃ ရက်တွင် နစက အနေဖြင့် ချိတ်ပိတ်သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် မရမ်းကုန်းမြို့နယ် တရားရုံးက တရားသူကြီးလက်မှတ်ဖြင့် ဇူလိုင်လ ၂၅ ရက် ရက်စွဲဖြင့် ချိတ်ပိတ်သိမ်းဆည်းရန် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_Group