#Local_News
Published_15 August 2022

 

ထိုင်းနိုင်ငံအတွင်းအကျဉ်းကျခံနေရသည့် "ဝင်း"နှင့် "ဇော်" အပါအဝင်မြန်မာရွေ့ပြောင်းအလုပ်သမားများ အကျိုးခံစားခွင့် ရရှိနိုင်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်‌‌ဒေးရှင်း(FED) အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်ထံမှ သိရသည်။

 

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှုတွင် ပါဝင်ကျူးလွန်းခဲ့သည်ဟု စွတ်စွဲချက်ဖြင့် လွန်ခဲ့သော ၂၀၁၄ ခုနှစ် ကတည်းက အကျဉ်းကျခံနေသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့အနေဖြင့် အဆိုပါလွတ်ငြိမ်းချမ်းသားခွင့် အကျိုးခံစားခွင့် ရမရကို ရှင်းရှင်းလင်းမသိရသေးသော်လည်း၊ တစ်စုံတစ်ရာ လျှော့ရက်များအကျိုးခံစားရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်တွင်ကျရောက်ခဲ့သည့် ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ်နှင့် သြဂုတ်လ (၁၂)ရက်တွင်ကျရောက်ခဲ့သည့်ဘုရင်ကြီး၏ မယ်တော်မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံအတွင်း အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသားတစ်သိန်းကျော်ကို ထိုင်းနိုင်ငံ၏ ဘုရင့်အမိန့်တော်အရ စောလျင်စွာလွှတ်ပေးခြင်းနှင့် ပြစ်ဒဏ်များ လျှော့ပေါ့ပေးခြင်းများကို ပြုလုပ်မည်ဟု ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသားထားခြင်းအပေါ် ယင်းက ကိုးကားပြောဆိုခြင်း ဖြစ်သည်။

 

အဆိုပါလွတ်မြောက်မည့်အကျဉ်းသားများထဲတွင် ထိုင်းအကျဉ်းထောင်များက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့သည့် မြန်မာရွေ့ပြောင်းအလုပ်သမားအကျဉ်းသားများလည်း ပါဝင်မည်ဟု မျော်လင့်ရကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_group