#Local_News
Published - 28 July 2022

 

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၇၉ ဦးကို ယနေ့တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့တွင်ရှိသည့် မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ လုပ်သားများမှာ ကုန်ထုတ်လုပ်သား ၁၇၇ ဦး၊ CBT လုပ်သား ၂ ဦးဖြစ်ပြီး အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဖော်ပြထားသည်။

 

တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို တရားဝင်ပြန်လက်ခံနေပြီး ယခုဇူလိုင်လနောက်ဆုံးပတ်တွင် မြန်မာလုပ်သား ၃၂၁ ဦးကို တရားဝင် ဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ယင်းအပြင်ပြည်ပနိုင်ငံတွေများသို့ တရားဝင်သွားရောက်အလုပ်လုပ်လိုသူတွေအနေဖြင့် ပြည်တွင်း၌ ဖွင့်ထားသည့် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန(MRC)များတွင် နည်းလမ်းနှင့် အကြံဉာဏ်များ အခမဲ့ ရယူနိုင်ကြောင်းလည်း အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။

 

ymg/sth
#Yangon_Media_Group