#Local_News
Published_28 July 2022

 

ရန်ကုန် - မန္တလေး အမြန်လမ်းပေါ် အမြန်နှုန်းတိုင်းတာစက် ထပ်တိုးသွားမည်ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က သိရသည်။

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျောက်တွင် အမြန်နှုန်းတိုင်းတာသည့် စက် ၁၁ ခု ရှိပြီး ယင်းတွင် အမြန်နှုန်း တိုင်းတာသည့် စက်များတပ်ဆင်၍ လုပ်ဆောင်နေသော်လည်း လိုအပ်ချက်အရ စက် ၇ လုံး ထပ်မံတပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။

 

"ယာဉ်တိုက်မှု ဖြစ်စဉ်ကို လျှော့ချနိုင်စေဖို့နဲ့ မလိုလားအပ်တဲ့ အန္တရာယ်တွေမဖြစ်ဖို စီစဉ်တာပါ။ သတ်မှတ် ကီလိုအတိုင်းပဲ မောင်းနှင်တာကတော့ ဘေးကင်းမှု အရှိဆုံးပါ"ဟု တာဝန်ရှိ ရဲအရာထမ်းက ဆိုသည်။

 

လက်ရှိတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျောက် သုညမိုင်မှ ၃၅၂ မိုင် ၆ ဖာလုံအတွင်း ရဲစခန်း ၁၆ ခု ရှိကြောင်း၊ သတ်မှတ်ကီလိုထက် ကျော်လွန်မောင်းနှင့်သည့် ယာဉ်များကို စောင့်ကြည့်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း၊ အိမ်စီးယာဉ်များကို တစ်နာရီလျှင် ကီလို ၁၀၀ ၊ ခရီးသည်တင် အဝေးပြေးယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၉၀ နှင့် လုပ်ငန်းသုံး ကုန်တင်ယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၆၀နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တစ်ရက်မှ ဇူလိုင်လ ဒုတိယပတ်ထိ သတ်မှတ်ကီလိုကျော်လွန်မောင်းနှင်းခဲ့သည့် ယာဉ်စီးရေ ၅၀၆၄ စီးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။

 

ymg/mt
#Yangon_Media_Group