#Local_News
Published - 27 July 2022

 

ပြည်တွင်း၌ နိုင်ငံခြားငွေချွေတာနိုင်ရန်အတွက်ကန့်သတ်ထားသည့်သွင်းကုန်များကို တင်သွင်းခွင့်ပြုမည်မဟုတ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

 

ဇူလိုင် ၂၆ ရက်တွင်ကျင်းပပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

"မိမိအစီအစဉ်နဲ့ နိုင်ငံခြားငွေ ရှာဖွေပြီး ငွေပေးချေနိုင်ရင်လည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ ကော်မတီတို့က ကန့်သတ်ထားတဲ့ ကုန်စည်များကို တင်သွင်းခွင့်ပြုမှာ မဟုတ်ဘူး။ ခွင့်ပြုဖို့ အစီအစဉ်မရှိပါဘူး။ သွင်းကုန်တွေနဲ့ ပတ်သက်ပြီး စီးပွား/ကူးသန်း၊ စီမံ/ဘဏ္ဍာတို့က ကန့်သတ်ထားတဲ့ သွင်းကုန်တွေကို ဆောင်ရွက်ခွင့်ပေးဖို့ဆိုတာကို ပြုပြင်ဖို့ ယခုအချိန်အထိ မရှိသေးဘူးလို့ပဲ ပြောလိုပါတယ်"ဟု ယင်းကပြောကြားခဲ့သည်။

 

ဇူလိုင်လ ၂၂ ရက်တွင် ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်ထားသည့်ကြေညာချက်အတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းသည့်ကုမ္ပဏီများကို မိမိအစီအစဉ်ဖြင့် တစ်ဖက်ကုန်ရောင်းသူထံ ငွေပေးချေဆောင်ရွက်မည်ဆိုပါက သွင်းကုန်လိုင်စင် ထုတ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

 

ymg/sth
#Yangon_Media_Group