#Local_News
Published _ 27 July 2022

 

ပြည်တွင်းဆီစက်များ၏ ဝယ်လိုအားများနှင့် ပြည်ပတင်ပို့ခွင့် ပြန်လည်ခွင့်ပြုလိုက်တာကြောင့် မြေပဲဆံဈေးများ ဆက်တိုက်မြင့်တက်လျက်ရှိပြီး ပျမ်းမျှ တစ်ပိဿာလျင် ကျပ် ၅၃၀၀ အထိ မြင့်တက်နေလျက်ရှိ ကြောင်း ကုန်စည်ဒိုင်အချို့မှ သိရသည်။

 

မြေပဲဆံတွေကို နယ်စပ်မှ ပြည်ပတင်ပို့ရာ၌ အမေရိကန်ဒေါ်လာဖြင့်သာ တင်ပို့ခွင့်ပြုထားသော်လည်း ဈေးကွက်အနေအထားတစ်ရပ်ရှိနေသည့်အတွက် ယခုလိုစျေးတွေဆက်တိုက်မြင့်တက်လာပြီး ယခု ဇူလိုင်လဆန်းပိုင်းထက် မြေပဲဆံတစ်ပိဿာလျင် ကျပ် ၈၀၀ ခန့်ပိုတက်လာကြောင်း ယင်းမှသိရသည်။

 

နယ်စပ်ကုန်သွယ်ရေး၌ ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်က စပြီး ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများကို တင်ပို့သည့်အခါ အမေရိကန် ဒေါ်လာဈေးနှုန်းဖြင့်သာ ရောင်းဝယ်မှုလုပ်ကြရန် ကုန်သွယ်ရေးဦးစီးဌာနက မူဝါဒ သတ်မှတ်ထားရှိပြီး ဗဟိုဘဏ်က သတ်မှတ်ထားသည့် ဒေါ်လာဈေးနှုန်းနှင့် ငွေလဲကောင်တာများတွင် ဝယ်ရသည့် ဈေးနှုန်းကွာဟချက်ကြောင့် ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အရှုံးပေါ်နေသည့် အခြေအနေများဖြင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်၊၊

 

ymg/NN
#Yangon_Media_Group