#Local_News
Published _ 14 June 2022

ထိုင်းနိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေ ၂၈ ဦးအထိ မြင့်တက်လာခဲ့ပြီး စင်ကာပူနိုင်ငံမှာ လည်း ၃ ဦးသေဆုံးခဲ့ကာ တစ်ရက်တည်း ကူးစက်သူ ဦးရေ တစ်သောင်းခွဲကျော်ထိရှိလာကြောင်း ဒေသတွင်းထုတ်ပြန်ချက်များအရ သိရသည်။

 

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ဦးရေ ၂၈ ဦးအထိ မြင့်တက်လာပြီး အာဆီယံတွင် စင်ကာပူနိုင်ငံ၌ သေဆုံးသူ ဦးရေ ၃ ဦးရှိခဲ့ကြောင်း သိရသည်။

 

ထိုင်းမှာ ယမန်နေ့က သေဆုံးသူဦးရေဟာ ၂၅ ဦးဘဲ ရှိရာမှ ယနေ့ ဇူလိုင်လ ၁၄ ရက်မှာ သေဆုံးသူဦးရေ ၂၈ ဦးအထိ မြင့်တက်သွားပြီး ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံများမှာ ဗိုင်းရပ်စ်ပိုးတွေ့အတည်ပြုလူနာ နေ့စဥ် ထောင်ချီရှိနေကြောင်း သိရသည်။

 

ဗိုင်းရပ်စ်ကူးစက်မှုဟာ ပြီးခဲ့သည့် ရက်များနှင့်နှိင်းယှဥ်လျင် နှစ်နိုင်ငံလုံး၌ ကူးစက်နှုန်းသိသိသာသာ မြင့်တက်လာပြီး မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်အတည် ပြုလူနာသစ် ဦးရေ ၁၃ ဦးရှိကြောင်း ကျန်း မာရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရက်စ်မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးဇီဗကွဲဖြစ်တဲ့ BA.4 နဲ့ BA.5 တိုကို ပြည်ပမှ ပြန်လာသူများတွင် တွေ့ရှိထားကြောင်းလည်း ယင်းဌာနမှ ထုတ်ပြန်ထားရှိသည်။

 

ymg/NN
#Yangon_Media_Group