#Local_News
Published - 14 July 2022

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း၌ မြို့နယ် (၇)မြို့နယ်ရှိ ရေသုံးစွဲသူများအနေဖြင့် ရေခွန်ပေးဆောင်ရမည့် အခွန်အခကို အွန်လိုင်းမှတဆင့် ပေးဆောင်နိုင် ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါ မြို့နယ်များမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များ ပါဝင်ကြောင်း သိရသည်။

 

အွန်လိုင်းမှတဆင့် ရေသုံးစွဲသူပြည်သူများအနေဖြင့် ရေဖိုးရေခပြေစာများအား My City Application ကိုအသုံးပြု၍ AYA Pay, CB Pay, KBZ Pay, UAB Bank-Sai Sai Pay, AGD Bank-One Pay, Wave Money, Mytel, OK$ တို့မှ ပေးဆောင်နိုင်ကြောင်း ဖော်ပြထားသည်။

 

ရန်ကုန်မြို့သို့ လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ ရေလှောင်ကန်၊ ငမိုးရိပ်ဆည်၊ လဂွန်းပြင် ဆည်နှင့် မြေအောက်ရေ ပေးဝေရေးစခန်းများမှ နေ့စဉ် ရေဂါလန် သန်း ၂၂ဝ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

ယင်းအပြင်တိုးတက်လာသည့် လူဦးရေနှင့်ကိုက်ညီမှုရှိစေရန်အတွက်လည်း ရေပေးဝေရေးစီမံကိန်းများကို တိုးချဲ့လုပ်ဆောင်လျက်ရှိရာ Downtown Area အပြင် မြို့နယ် ၁၄ မြို့နယ်ကိုပါ ရေအပြည့်အဝပေးဝေသွားနိုင်မည့် ကုက္ကိုဝရေပေးဝေရေးစီမံကိန်းကို JICA ODA Loan ဖြင့် အကောင်အထည်ဖော်နေပြီး လာမည့် ၂ဝ၂၅ ခုနှစ်တွင် စီမံကိန်းပြီးစီးရန်ရည်ရွယ်ထားကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group