#Local_News
Published _ 9 July 2022

 

မနက်ဖြန် ဇူလိုင်လ ၁၀ ရက်မှစ၍ လာမည့် ငါးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် မိုးကြီးမည့်အပြင် လေပြင်းပါတိုက်ခတ်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ဇူလိုင်လ ၁၀ ရက်မှ ဇူလိုင်လ ၁၄ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တိုတွင် မုတ်သုံလေအား ကောင်းလာနိုင်သောကြောင့် ပဲခူးတိုင်းဒေသကြီး ၊ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးပြီးလေပြင်းတိုက်ခတ်မည်ဟု သိရသည်။

 

လာမည့် ငါးရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မ (၇၇-မီလီမီတာ) နှင့်အထက် မိုးရွာသွန်းနိုင်သည်ဟုလည်း သိရသည်။

မုတ်သုံလေအားကောင်းလာနိုင်သောကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ် များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများလည်း သတိ ပြုနိုင်ရန်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုနှိုးဆော်ထားသည်။

 

ymg/NN
#Yangon_Media_Group