#Local_News
Published - 9 July 2022

 

အခြေခံပညာစာသင်ကျောင်းများပိတ်ထားပြီး ၂ နှစ်ကျော်အကြာတွင် စာသင်ကျောင်းများ ပြန်ဖွင့်သည့်အတွက် စည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းမှု အားနည်းပြီး မကြာခဏ ခိုက်ရန်ဖြစ်ပွားခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

 

ယခုရက်ပိုင်းအတွင်း အခြေခံပညာစာသင်ကျောင်းများ၌ အုပ်စုဖွဲခိုက်ရန်ဖြစ်ပွားမှု မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။

 

"နှစ်စဥ်ကတော့ ကျောင်းဖွင့်ရာသီတွေမှာ ဖြစ်လေ့ဖြစ်ထလေးတွေရှိတယ်။ ဒီနှစ်မှာတေ့ာ နေပြည်တော်မှာဆိုရင် အသေအပျောက်တွေဘာတွေရှိတာ ကျွန်တော်တို့တွေ့ရပါတယ်။ ကြားကာလမှာလည်း ကျောင်းပိတ်ထားတဲ့အနေအထား ကိုဗစ်နဲ့ပိတ်ထားတဲ့ကာလ။ ပြီးတော့ နည်းနည်းလေးလည်း အသက်အရွယ်ရလာပြီး တေ့ာမှ ဆရာ၊ ဆရာမရဲ့ အုပ်ထိန်းမှုတွေ လွတ်လာတယ်လို့ ကျွန်တော်သုံးသပ်တာပေါ့။ ကျောင်းသား ကျောင်းသူတွေကလည်း အရင်ကထက်စာရင် အများကြီးကျောင်းအပ်လာတော့ ကျောင်းနဲ့ ကင်းကွာသွားတဲ့အချိန်မှာ နည်းနည်းလေး စည်းကမ်းပိုင်းဆိုင်ရာ အားနည်းသွားတယ်လို့ သုံးသပ်ရတယ်။ ရုတ်တရက်ဆရာ၊ ဆရာမတွေက လတ်တလောမှာ တချို့မထိန်းနိုင်တာလေးတွေလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မိတယ်"ဟု အ ခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

နေပြည်တော်ကောင်စီနယ်မြေ၊ လမ်းပျဉ်းမနားရွာမ ရပ်ကွက်မှာရှိသည့် အထက-၁၉ ကျောင်းတွင် ကျောင်းသားများ အုပ်စုလိုက်ရန်ဖြစ်ပွားမှုတွင် တစ်ဦးသေဆုံးခဲ့ကြောင်း၊ ယင်းအပြင် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားတစ်ဦးကို တခြားကျောင်းသားတွေများမှ အဖွဲ့လိုက် ဝိုင်းဝန်းထိုးကြိတ်နေသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်၌ ပျံ့နှံခဲ့ကြောင်း သိရသည်။

 

"ထိန်းချုပ်မှုတွေက သက်ဆိုင်ရာကျောင်းတိုင်းကျောင်းတိုင်းမှာ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီဆိုတာရှိတယ်။ ကျောင်းအုပ်ကြီးက ဥက္ကဌပေါ့။ ကျန်တာက ကျောင်းမှာရှိတဲ့ အထက်တန်းပြ၊ အလယ်တန်းပြတွေပါတဲ့ အဖွဲပေါ့။ ပြီးတော့ကော်မတီထဲမှာ ရပ်မိရပ်ဖတို့ ကျောင်းအကျိုးတော်ဆောင်တွေလည်းပါတယ်။ ဒါတွေလည်း ကျောင်းစည်းကမ်းထိန်း သိမ်းဖို့အတွက် အတွင်းမှာရောအပြင်မှာရော အရင်တုန်းကတော့ ဆောင်ရွက်ခဲ့တာပဲ။ လက်ရှိလည်း ဒီတိုင်းသွားနေတာပါ" ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

 

ymg/sth
#Yangon_Media_Group