#Local_News
Published - 5 July 2022

 

အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက်မြင့်မားနေခြင်းကြောင့် ဈေးကွက်အတွက်း ယခုရက်သတ္တပတ်အတွင်း မတ်ပဲ ဈေးမြင့်တက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။

 

မတ်ပဲဈေးမြင့်တက်လာခြင်းနှင့်အတူ ပဲစင်းငုံဈေးပါ လိုက်ပါမြင့်တက်လာပြီး ပဲတီစိမ်းမှာမူ ပုံမှန်ဈေးကွက်ပေါက်ဈေးဖြင့် အဝယ်သွက်နေကြောင်း သိရသည်။

 

"ပို့ကုန်ပဲ အနေနဲ့ အဓိက မတ်ပဲဈေးကောင်းနေပါတယ်။ ငွေလက်ငင်းချေစနစ်တစ်အိတ်ကို ၁၆၅,၀၀၀ ကျပ်၊ တစ်လဆိုင်းဆိုရင် တစ်အိတ်ကို ၁၇၀,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ပဲစင်းငုံကလည်း တစ်အိတ်ကို ၅,၀၀၀ ကျပ် လောက်ဈေးမြင့်တက်လာပါတယ်။ သင်္ဘောလည်းတင်ခါနီးဆိုတော့ အဝယ်လိုက်နေပါတယ်။ မတ်ပဲဈေးကတော့ ဆက်လက်မြင့်တက်နိုင်ပါသေးတယ်"ဟု ပဲကုန်သည်တစ်ဦးကပြောသည်။

 

ပို့ကုန်ပဲအမျိုးအစား အလိုက်အဝယ်ကောင်းနေပြီး ဇွန်လ (၃၀)ရက်တွင် မတ်ပဲတစ်အိတ် ကျပ် ၁၆၃,၀၀၀ - ၁၆၅,၀၀၀၊ ပဲတီစိမ်း ရွှေဝါတစ်အိတ် ကျပ် ၁၅၄,၀၀၀ ပေါက်ဈေးဖြစ်လာပြီး ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၃၅,၀၀၀ ဖြင့် အဝယ်သွက်နေပြီး မတ်ပဲဈေးမှာ တစ်အိတ် ကျပ် ၁၀,၀၀၀ ခန့် မြင့်တက်လာကာ ဆက်လက်မြင့်တက်နိုင်သေးကြောင်းလည်း သိရသည်။

 

ymg/sth
#Yangon_Media_Group