#Local_News
Published_28 June 2022

 

၇၅ နှစ်မြောက် အာဇာနည်နေ့အတွက် အထူးပြပွဲ ခင်းကျင်းပြသသွားမည်ဖြစ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရသည်။

 

ယခု ဇွန်လ ၂၅ ရက်မှ စတင်ပြင်ဆင်နေသည့်အတွက် လာမည့် ဇူလိုင်လ ၁၈ ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းနှင့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်)တို့ကို ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြိုနယ် ဗိုလ်ချို-၁ ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)တွင် တည်ရှိပြီး မှတ်တမ်းများအရ ၁၉၂၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

 

ymg/mt
#Yangon_Media_Group