#LocalNews
Published_25 June 2022

 

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားနှစ်ဦး ကားတိုက်ခံရ၍ ရက်ဆင့်သေဆုံးခဲ့ကြကြောင်း အဆိုပါနိုင်ငံရှိ မြန်မာလူမူကူညီရေးအသင်းများက သိရသည်။

 

ဇွန်လ ၁၆ ရက်က ကားတိုက်ခံရ၍ သေဆုံးခဲ့သူမှာ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ နတ္တလင်းကျေးရွာဇာတိ အသက် ၂၄ နှစ်အရွယ် မပြည်ခင်မယ်ဖြစ်ပြီး ဇွန်လ ၁၇ ရက်က ကားတိုက်ခံရ၍ သေဆုံးခဲ့သူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် သင်တောကျေးရွာ (ယောဒေသ) တွင်နေထိုင်သော အသက် ၃၇ နှစ်အရွယ် ကိုဇေယျာအောင်ဖြစ်ကြောင်း သိရသည်။

 

အသက် ၂၄ နှစ်အရွယ် မပြည်ခင်မယ် မှာ အလုပ်သို့အသွားကားတိုက်ခံရသော နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် ကိုဇေယျာအောင်မှာ အလုပ်သို့အသွား မိန်းလမ်းမ ဖြတ်အကူးတစ်ဖက်ယာဉ်ကြောမှမောင်းလာသော မော်တော်ယာဉ်ဖြင့် တိုက်မိ၍ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

မပြည်ခင်မယ်၏ နာရေးကို ဒါနကုသလနာရေးကူညီမှုအသင်း (ပီနန်း၊ မလေးရှား)က တာဝန်ယူ၍ ယနေ့ဇွန်လ ၂၅ ရက်တွင် မလေးရှားနိုင်ငံ ဘာရပ်ပစ်သုသာန်၌သင်္ဂြိုဟ်ပြီး ကိုဇေယျာအောင်၏ နာရေးကို ကပုန်းမြိုမြန်မာလူမူကူညီရေးအသင်း (မလေးရှား)က တာဝန်ယူ၍ မနက်ဖြန် ဇွန်လ ၂၆ ရက်တွင် သင်္ဂြိုလ်သွားမည် ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group